Friday, September 6, 2013

ဘ၀ခရီးလမ်းမှာ တွေ့ကြုံဆုံခွင့်ရတဲ့လူတွေဟာ...
ကိုယ့်ပိုင်တဲ့ အထုပ်အပိုး ၀န်စည်စလှယ်တွေနဲ့
ဝင်ထွက်သွားလာ နေတက်ကြတာ...။


ကိုယ့်ကို ချစ်တဲ့ လူတချို့ကတော့...
ကိုယ်မပင်ပန်းစေဖို့ အထုပ်အပိုးတွေကို

ကူညီ ထမ်းရွက်ပေးတက်ကြပေမယ့်...။



ကိုယ့်ကို မချစ်တဲ့ လူတချို့ကတော့...
ကိုယ့်ရဲ့ ၀န်စည်စလှယ်ထဲကို..
နာကျင်မူ ၊ အလွမ်း ၊ နောက်တ ဆိုတဲ့
အထုပ်အပိုးတွေကို ထပ်ထည့်ပေးသွားတက်ကြတယ်။


ကိုယ့်က မစွန့်ပြစ်နိုင်ခဲ့ဘူးဆိုရင်...
သူတို့ပေးခဲ့တဲ့ အထုပ်အပိုးတွေကို ...
ခရီးလမ်းအဆုံးထိတိုင် အလေးခံပြီး သယ်သွားရလိမ့်မယ်။


                                                             အင်းဇော်လောင်

No comments:

Post a Comment