Friday, September 6, 2013

သစ္စာကို အရည်ကျိုတဲ့ သူ " ....

ကတိတွေ အထပ်ထပ်ပေး
ကျိုးဖောက်တတ်တဲ့
နင့်ရဲ့အကြောင်းကို
နင်ကိုယ်တိုင်တောင်သိလို့လား

ဘာမှန်းမသိခဲ့တဲ့ နင့်ရဲ့လှည့်ကွက်ထဲမှာ
ငါကစီးမျောနေကျပဲမဟုတ်လား ???

အရာရာ အကုန်လုံးကို ငါလျစ်လျူရှုခဲ့တာပဲ
နင့်ရဲ့ သစ္စာဆိုတဲ့ မုသားအရောင်စကားလုံးတွေကို
ငါယုံမိလို့ ငါ့နှလုံးသားငါ ပြာချမိနေတုန်းပဲ

တုန်လှုပ်မှုမရှိတဲ့ ငါ့အသည်းကလည်း ...
ရက်စက်မှန်းသိသိနဲ့ မနာကျင်တတ်သေးတာပဲ

ရပါတယ် ထားခဲ့ပါ ...
နင့်အတွက် ငါ့သစ္စာဆိုတာကလည်း ..

" Action And Reaction " လိုပဲဖြစ်လာခဲ့လိမ့်မယ်
နင်အမြဲမှတ်ထားလိုက် ...

No comments:

Post a Comment