Friday, September 6, 2013

ငါ့ဘဝကကြမ်းတမ်းတယ်
မခေါ်ရက်ပေမယ့် လိုက်ရဲရင်လိုက်ခဲ့ပါ...

နေပူတဲ့အခါ ထီးဆောင်းပေးနိုင်ပေမယ့်
လမ်းကိုတော့ ကိုယ့်ကိုယ်ကို
အားကိုးလျောက်ရလိမ့်မယ်...

လမ်းမလျောက်ချင်လို့ ကျောပိုးပေးနိုင်ပေမယ့်
နေပူမှာကိုတော့ ကိုယ်ဘယ်လိုမှ
တားဆီးနိုင်မှာမဟုတ်ဘူး...


မောပန်းပြီဆိုရင်
ခရီးတစ်ထောက်နားလို့ရနိုင်ပေမယ်

အကြိမ်ကြိမ်နားဖို့တော့
ကိုယ်တို့မှာ အခွင့်ရှိမှာမဟုတ်ဘူး...

မခေါ်ရက်ပေမယ့်
လိုက်ရဲရင် လိုက်ခဲ့လေ...

ကိုယ့်မှာလည်း ချွေးတွေနဲ့ဆိုပေမယ့်
မင်းနဖူးဆံစက ချွေးသီးလေးတွေကို
ယုယစွာ သုတ်ပေးနိုင်ပါတယ်...

ဒါပေမယ့်
လိုက်ခဲ့ပြီးမှတော့ မျက်ရည်မကျပါနဲ့
ကိုယ်မမြင်ရက်လို့ပါ...



                                                        အင်းဇော်လောင်

No comments:

Post a Comment