Friday, September 6, 2013

" ဆွဲမထုတ်‌နိုင်‌ဘူး "

အရမ်းလွမ်းလို့ တမ်းတမိတဲ့အ‌ကြောင်း
နင့်‌ကို‌ပြောပြမိရင်‌ ငါ့ကိုမငြိုငြင်‌ပါနဲ့
ငါနင့်‌ကို ချစ်‌လို့ ‌ပြောပြကြည့်‌တာပါ...

ငါအရမ်း သတိရလို့ နင့်‌ဆီဖုန်းဆက်‌ရင်‌
ငါ့ဖုန်းကို Busy မလုပ်‌ပစ်‌ပါနဲ့
ငါ့ရင်‌ဘတ်‌ထဲက နင့်‌ကို တမ်းတမိတာပါ ...

ငါအရမ်း‌တွေ့ ချင်‌လို့ နင့်‌ဆီလာခဲ့ရင်‌
ရင့်‌ရင့်‌သီးသီးစကား‌တွေနဲ့
ငါ့ရဲ့ အားငယ်‌တတ်‌တဲ့စိတ်‌က‌လေး‌တွေကု
နင်‌မပိတ်‌ပင်‌ပါနဲ့ ..
ငါ့ရင်‌ဘတ်‌ကို ငါအားနာမိလို့ပါ ...

နင်‌ငါ့ကို မလိုအပ်‌‌တော့ရင်‌
ငါထွက်‌သွား‌ပေးပါ့မယ်‌
ဒါ‌ပေမဲ့ ...
ငါရင်‌ထဲက‌တော့ နင့်‌ကိုဆွဲမထုတ်‌ရက်‌ဘူး

No comments:

Post a Comment