Friday, September 6, 2013

မဆုံနိုင်မဲ့အတူတူ မေ့ပစ်လိုက်ဖို.အကြိမ်ကြိမ်တွေး ရင်း
မျက်ရည်ကျနေတဲ့ငါ့အတွက် ဖြတ်သန်းရတဲ့ညတွေက
ခါးမှန်း ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ ?
မမြင်နိုင်တဲ့အဝေးတစ်နေရာက မင်းအပြုံးလေးကိုစိတ်ကူး
ပုံဖော်ရင်း မင်းပြောတဲ့စကားတွေမှာ တိမ်းညွန့်နေတဲ့
နှလုံးသားလေးကို သတိပေးထိန်းချုပ်ရင်းးးးးးးးးးးးးးးးးးးးးးး
မင်းကိုချစ်နေရတယ်ဆိုတာ
ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ ?
ကျန်ခဲ့မှာကိုသေလောက်အောင်ကြောက
်တတ်ခဲ့တဲ့ငါ
မင်းထားခဲ့
မဲ့နေ့တွေကို စိုးရိမ်ထိန့်လန့်မှုတွေ............
နဲ့စောင့်မျှော်နေရင်း အသက်ဝိဥာဏ်လွင့်ပျယ်နေတဲ့
ညတွေမှာ တစ်ယောက်ထဲ ၀မ်းနည်းမှုတွေနဲ့ ဖြတ်သန်း
နေရတယ်ဆိုတာ ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ...
.....
အိပ်မရတဲ့ညတွေမှာ အလွမ်းသီချင်းလေးတွေ...........
..
တစ်ယောက်ထဲညည်းရင်း ဖြတ်သန်းနေရတဲ့ငါ့အတွက်
သတိရခြင်းတွေက ခါးသီးတယ်ဆိုတာ................
.......
ငါကလွဲလို.ဘယ်သူသိနိုင်မှာလဲ ?
အဲဒီအရာတွေအားလုံးက ပူလောင်မှုတွေမှန်းသိခဲ့ပေမယ့်
ဖန်တီးခဲ့တာက ငါကိုယ်တိုင်ဖြစ်နေတော့

ဖျက်ဆီးတဲ့သူဟာ နင်ကိုယ်တိုင်မဖြစ်ပါစေနဲ့

လို့ဆုတောင်းပါရစေချစ်သူရယ်


                                                                     အင်းဇော်လောင်

No comments:

Post a Comment