Friday, September 6, 2013

လမ်းခွဲကြစို့လို့ နင်မပြောရုံတမယ်

ငါ့ကို နင့်အနားက ရက်ရက်စက်စက် နှင်နေတယ်….။

ငါ့ကို စိတ်ပျက်တယ် စိတ်ကုန်တယ်လို့ အကြိမ်ကြိမ်ပြောရင်း

တွေ့ဆုံချိန်တွေတိုင်း နင် ညည်းတွားနေခဲ့တယ်….။

နင့်ရှေ့ရောက်တိုင်း ရင်ခုန်သံတွေနဲ့ ထုံအအဖြစ်နေတတ်တဲ့ ငါ့ကို

ဟိုအရင်တွေ့စကလို သွက်သွက်လက်လက် မနေခဲ့လို့ နင်
ငြိုငြင်ခဲ့ပြန်တယ်…

နင် အလိုရှိတဲ့အခါတိုင်း တတ်နိုင်သလောက်ဖြည့်ဆည်း
ဆန်းပြားသောစကားတွေ ပြောကြားခြင်းမရှိတဲ့ ငါ့ကို

နင့်ကို အမြဲတမ်း တမ်းတမနေတတ်ဘူးဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့
နင်….စကားနာတွေ ထိုးခဲ့ပြန်တယ်….

ငါနဲ့တွေ့တိုင်း စိတ်ဆိုး ဒေါသတွေထွက်လေ့ရှိတဲ့ နင့်ကို

ပျော်ရွှင်စေချင်တဲ့ စိတ်ရင်းအမှန် တစ်ခုနဲ့

ငါတို့ထပ်မတွေ့တော့ဖို့ဆုံးဖြတ်
………နှုတ်ဆက်လို့လည်း ငါ
အဆုံးသတ်ပေးခဲ့တယ်…..။

နင်မရှိတဲ့ ဘ၀မှာ ငါ ကောင်းမွန်စွာ နေထိုင်တတ်သလို

ငါ့ထက်အစပေါင်းများစွာကွာခြား နင်လိုလားနှစ်သက်တဲ့
ပုံစံမျိုးရှိတဲ့လူတစ်ယောက်နဲ့
ထာဝရပြေလည်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းလျှက်


                                                                                       အင်းဇော်လောင်

No comments:

Post a Comment