Friday, September 6, 2013

“ မုန်းစိတ်မရွယ်မိပါဘူး “
အချစ်ရေ ကိုတို့တွေ
လမ်းတွေ့တောင် ပြုံးပြရင်း
ကျေနပ်ရတော့မယ်ကွယ်
လမ်းကြုံလို့မော်မဖူးရတော့ဘူး
လောကရဲ့ပညက်တွေကြောင့်
တစစနဲ့ဝေးကွာကွေ့ကွင်းရပြီ
ပကာပနာနဲ့ကစားပွဲမှာ
မိမာတာ စကားကိုးကားပြီး
ေ၇ွှလက်တော်စွဲရင်း ကြင်အသစ်နဲ့
မကြင်ရက်နိုင်လေသူ ချစ်သူရေ
မုန်းစိတ်မရွယ်ကြပါဘဲ သူထက်ကိုပြိုင်
စိတ်ချင်းဆိုင်ရင်းမိုက်ခဲ့ကြလို့ဝေးရပြီ
တရစ်ရစ်နဲ့တတ်တဲ့ လည်ပင်းက
ကြိုးကွင်းလို့ သံယောဇဉ်ကြိုးက
ခိုင်မာလွန်းလို့ လမ်းကြုံရင် မမြင်ယောင်ဆောင်
မတွေ့အောင်ပုန်းလို့ ရှောင်ခွာပြေးမိတာ
မုန်းစိတ်ရယ်မရွယ်မိတာ သူသိစေချင်သည်

No comments:

Post a Comment