Friday, September 6, 2013

မနက်ခင်းဆိုတာ
နင်ပို့  တဲ့ messsage လေးကြောင့်
အသက်ဝင်စေခဲ့တဲ့အရာပါ
တနေလုံး
ငါကြိုးစားနေတဲ့ အလုပ်တွေက
နင့် စိတ်ကူးထဲကအိမ်လေးအတွက်
မိုးလုံစေချင်တဲ့
ငါ့ ဆန္ဒတွေပါ
ညနေခင်းဆို
နင့်လက်လေးတွဲ ပြီး

လှည်းတန်း ကို ကျွမ်းထိုးစေမယ်လေ
တခါတလေမှ
စိတ်ကောက်ပါချစ်သူ
အဲဒီအခါမျိုးမှာ ငါ နင့်ကို ပိုချစ်စေတတ်လို့ ပါ
တို့ နှစ်ယောက် အိမ်လေးကို
ငါဒီထက် လှပစေချင်သေးတယ်
နင့်ပို့ ပေးမဲ့ good night ဆိုတဲ့
meassage လေးက
ငါ့ ရဲ့ မနက်ဖြန်ကို ရှေ့ဆက်ဖို့ 
အားဆေးလေးတခွက်ပါ
ချစ်သူ




                                          အင်းဇော်လောင်

No comments:

Post a Comment