Friday, September 6, 2013

ချစ်သူ…

ပြန်ထွက်သွားဖို့ ရည်ရွယ်ပြီးသားဆို
ဘာလို့ အိမ်မက်တွေပေးခဲ့ရတာလဲ ချစ်သူ…

ခုနင်ပေးခဲ့တဲ့ အိမ်မက်တွေနဲ့
ငါရည်ရွယ်ချက်တွေ လမ်းပျောက်နေပြီ…
ဒါပေမယ့် နင်ပေးတဲ့ မျှော်လင့်ချက်မဲ့အိမ်မက်တွေကို
ပဲ
ငါရူးသွပ်စွာ ဖက်တွယ်နေမိတုန်းပါပဲ ချစ်သူ…

တစ်ကယ်ဆိုနင်က ငါ့နှလုံးသားထဲကို
အလည်လာခဲ့တဲ့ ဧည့်သည်တစ်ယောက်ပါ…

ကြင်နာမြတ်နိုးမှု့တွေ အလေးထားဂရုစိုက်မှု့တွေနဲ့
တစ်ဘဝစာအတွက် ငါ့နှလုံးသားတစ်ခုလုံးပုံအပ်ပြီ

ငါဧည့်ခံခဲ့ပါတယ်…
ငါဧည့်ဝတ်ကျေပါတယ်နော် ချစ်သူ…

ပြန်လာခဲ့ပါ ချစ်သူ…
အိမ်မက်တွေဖြစ်နေအုံးတော့ မျှော်နေလျှက်ပါချစ်သူ…


                                                               အင်းဇော်လောင်

No comments:

Post a Comment