Friday, September 6, 2013

ငါလေ နင်နဲ့ ပါတ်သက်ရင် .....
ပျော်ရွှင်လွယ်သလောက်အမှတ်တမဲ့ နင်ပြောလိုက်တဲ့
စကားလေးတစ်ခွန်းကအစလဲဝမ်းနည်းတတ်တဲ့သူပါ.............

ငါလေ နင်နဲ့ ပါတ်သက်ရင်.......
စိတ်ကောက်လွယ်သလောက် နင်ချော့တတ်တဲ့စကားလေး
တစ်ခွန်းနဲ့ တင် စိတ်ပြေလွယ်တဲ့သူပါ...........

ငါလေ နင်နဲ့ ပါတ်သက်ရင်.........
နင့်ကို အရမ်းချစ်သလောက် နင့်အချစ်တွေလဲ ငါ့တစ်ယောက်ထဲ
ဆီမှာပဲ ရှိဖို့ အချိန်တိုင်းမျှော်လင့်နေမိတဲ့သူပါ..........

ငါလေ နင်နဲ့ ပါတ်သက်ရင်..........
နင့်ကိုပိုင်ဆိုင်ချင်တဲ့ အတ္တတွေပိုပိုလာသလောက် နင့်ရင်ခွင်ထဲမှာပဲ
အမြဲထာဝရ ခိုနားခွင့်ရဖို့ ဆုတောင်းနေမိတဲ့သူပါ ချစ်သူရယ်........

No comments:

Post a Comment