Friday, September 6, 2013

မ မသိဘူး..

မ ♥ပြောလိုက်တဲ့စကားတစ်ခွန်းဟာ * မောင် *ရဲ့ စိတ်ထဲမှာ ဘယ်လောက်တောင်အချိန်ကြာကြာ မပျောက်မပျက် တည်ရှိနေနိုင်တယ်ဆိုတာ...

မ ♥မသိဘူး…………♥ မ ♥ရဲ့ အမှတ်မထင်အပြုအမူတချို့ ဟာ * မောင်ရဲ့ စိတ်ထဲမှာ ဘယ်လောက်တောင်နက်နက်ရှိုင်းရှို
င်း ၀မ်းနည်းထိခိုက် သွားစေနိုင်တယ်ဆိုတာ...

မ ♥မသိဘူး.. မ ♥ရဲ့ message တစ်စောင်.. စကားတစ်ခွန်း.. ph မြည်သံတစ်ချက်ဟာ*မောင့် *အတွက် ဘယ်လောက်တောင် သက်ရောက်မှုပြင်းထန်တတ
်တယ်ဆိုတာ...

မ ♥မသိဘူး.. ချစ်သူစိတ်ချမ်းသာအောင် ဘာမှမဖြစ်ပါဘူးလို့ အမြဲပြောလေ့ရှိပေမယ့် တကယ့်တကယ်မှာ *မောင့်*ရဲ့ စိတ်ထဲက နာကျင်မှုဟာ ပြောပြလို့ မရနိုင်လောက်အောင်ကို အင်အားကြီးမားနေတတ်တယ်ဆိုတာ..

မ ♥မသိဘူး.. ချစ်ရသူအတွက် မာနဆိုတဲ့စကားလုံးကို အမြဲမေ့ဖျောက်ထားတတ်ပေမယ့် လွတ်ကျရပါများလာတဲ့အခါ ယောင်္ကျားတစ်ယောက်ရဲ့ မာနတရားဟာ ဘယ်လောက်တောင်ကြီးမားပြင်းထန်လာ
တတ်သလဲဆိုတာ...

မ ♥မသိဘူး.. ထုတ်ဖော်ပြောခွင့်မရှိတဲ့ *မောင့်*ရဲ့ မျှော်လင့်ခြင်းဆိုတာဟာ ဘယ်တောင်တောင်အချိန်ကြာမြင့်စွာ
တည်မြဲနေတတ်တယ်ဆိုတာ..

မ ♥မသိဘူး.. ဒီလိုခံစားချက်ပေါင်းများစွာကို
အမြဲတစေ အနာကျင်အပင်ပန်းခံရင်း ထိန်းချုပ်ဟန်ဆောင်ဖုံးကွယ်လေ့ရှိတတ်တာဟာ *မောင့်*ရဲ့  မိမိချစ်ရသူကို မိမိကြောင့်စိတ်မပင်ပန်းစေလိုတဲ့ စိတ်ဆန္ဒတစ်ခုသက်သက်ကြောင့်သာဆိုတာ... မ မသိဘူး.. မ ♥တွေ တကယ်ကို မသိနိုင်ခဲ့ပါဘူး




                                         အဆိပ်သင့်နေတဲ့ ကောင်လေး

No comments:

Post a Comment