Friday, September 6, 2013

သက်ဆိုင်သူသို့
မျှော်လင့်ခဲ့တယ်
မင်းမသိခဲ့တဲ့အိပ်မက်တွေ
မက်ရင်းနဲ့ပေါ့...

ရင်နင့်ခဲ့တယ်
မင်းမသိအောင် တိတ်တဆိတ်
ငိုကြွေးရင်းနဲ့ပေါ့...

ပျော်ခဲ့ဖူးတယ်
မင်းအပြုံးတွေ အမှတ်တမဲ့
တွေ့မိလို့ပေါ့...

တွေးကြည့်ဖူးတယ်
မင်းသာ ကိုယ့်ရင်ခုန်သံရဲ့
တစ်စိတ်တစ်ပိုင်းလောက်သာ ခုန်ခဲ့မယ်ဆိုရင်
မိုးကောင်းကင်ကြီး ပြိုသွားနိုင်တယ်လို့ပေါ့...

စဉ်းစားဖူးတယ်
ရင်ခုန်သံကို ဂင်းနစ်စံချိန်တင်ရင်
ကောင်းမလားလို့ပေါ့...

တစ်မိနစ်ကိုရင်ခုန်သံစည်းချက်
1500 ရှိတာ ကိုယ်တစ်ယောက်ပဲ
ရှိမယ်ထင်လို့ပေါ့...

ကိုယ်ထင်တယ်
ကိုယ့်နှလုံးသွေးခမ်းခြောက်ပြီး
ထွက်သက် ၀င်သက် ရပ်တန့်သွားရင်တောင်
မင်းအနားရှိနေရင် ကိုယ့်ရင်ခုန်သံ
မှန်နေအုံးမယ်လို့ပေါ့.........................

No comments:

Post a Comment