Friday, September 6, 2013

ကိုယ် ထွက်မသွားစေချင်တဲ့လူတစ်ယောက်ကို....
နူတ်ဆက်စကား ဘယ်သူကပြောချင်မှာတဲ့လဲ....။
ဒီထက်ပိုဆိုးတာက....
တကယ်ကို ထွက်သွားနေချင်နေတဲ့လူတစ်ယောက်က
ို...
မနေချင်တော့ဘူးလားလို့ ဘယ်သူက မေးနိုင်မှာတဲ့လဲ....။

သူ့ရဲ့ အချိန်နဲ့အမျှ ပျယ်ပယ်သွားတဲ့...
ဂတိစကားတွေမှာ ငါ့ရဲ့မျှော်လင့်ချက်တွေ...
ဘယ်လောက်ထိ ဆုံရူံးသွားလဲဆိုတာ... သူမသိဘူး။

သူ့ရဲ့အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့...
ခံစားချက်တွေမှာ ငါ့ရဲ့နာကျင်မူတွေ...
ဘယ်လောက်ထိ ပေးဆပ်လိုက်လဲဆိုတာ..သူနားမလည်
ဘူး။

နေပါဦးလို့လည်းမတားတော့ဘူး...။
ထွက်သွားပါလို့လဲ မစေခိုင်းတော့ဘူး...။
သူ့ကို ချစ်တဲ့ လူတစ်ယောက်ဆုံးရူံးမှာကို
ဂရုမစိုက်တဲ့သူအတွက် ...
ငါ့နှလုံးသားကိုလည်း အကျဉ်းချမထားတော့ဘူး.”




                                                           အင်းဇော်လောင်

No comments:

Post a Comment