Friday, September 6, 2013

တစ်ခြားသူတွေအတွက် ပြုံးဖို့ ကြိုးစားနေရတဲ့ ငါ က
နင့်အတွက်ဆို အလိုလိုပြုံးနေတတ်တယ်....

တစ်ခြားသူတွေရှေ့ မှာ ရင့်ကျက်နေတတ်တဲ့ ငါက
နင့် ရှေ့ ဆို ကလေးတစ်ယောက်လို ဆိုးနွဲ့ နေချင်မိတယ်....

တစ်ခြားသူတွေအတွက် မရှိနိုင်တဲ့ ငါ့မျက်ရည်တွေက
နင်နဲ့ ပါတ်သက်ရင် ဘာမဟုတ်တဲ့အရာလေးကအစ မျက်ရည်
ကျနေတတ်တယ်........

တစ်ခြားသူတွေအတွက်ဆို မာနလေးသုံးရမှ ကျေနပ်တတ်တဲ့ ငါက
နင်နဲ့ ပါတ်သက်ရင် ငါ့မာနလေး ရှာလို့ မတွေ့ နိုင်တာလဲ နင့်ကို ငါ
ဘယ်လောက်ချစ်တယ်ဆိုတာ နားလည်နိုင်မှာပါနော် ချစ်သူ.....

No comments:

Post a Comment