Friday, September 6, 2013

''ချစ်ခြင်း အဆုံးသတ်''

အချစ်နဲ့အမုန်း
ကျောခြင်းကပ်သလို
ဆန့်ကျင်ဘက်သို့ စွန့်ခွာပြီးမှ
တစ်ဖန်ပြန်ငဲ့ ချစ်ပါတယ်လို့
ဆိုပြန်လေတဲ့မင်း . . . .
နှလုံးသားက ပွင့်ဖူးနေတဲ့ အချစ်ပန်းကို
အဆိပ်ရေလောင်းပြီး
အမုန်းတံဆိပ် နှိပ်သွားတဲ့
မင်းဆီကို

ချစ်လွန်းလို့
မုန်းခဲ့တဲ့ ငါ
နှလုံးသားပေါ်က
နက်ရှိုင်းလွန်းတဲ့
အမုန်းတံဆိပ်နဲ့
ပြင်းထန်လွန်းတဲ့
အချစ်မာနတွေကြောင့်
လုံးဝပြန်မလည့်ဘူး . . . . .

No comments:

Post a Comment