"စိုးရိမ်တယ်"
ငါ့ဟန်ဆောင်မှုတွေကို
နင်အားမကျနဲ့ ချစ်သူ ...
နင့်နှလုံးသားလေး
အရောင်တွေ စွန်းထင်နေမှာစိုးလို့
ငါ့မုသားတွေကို
အတုမယူနဲ့ ချစ်သူ...
နင့်နှလုံးသားလေး အနာဖြစ်မှာစိုးတယ်
ငါ့ရဲ့မနူးညံ့တဲ့ စကားလုံးတွေကို
မခုံမင်နဲ့ ချစ်သူ ...
နင့်နှလုံးသားလေးက ခုမှနုနုလေးရယ်
ငါ့ရဲ့လုပ်ရပ်တိုင်းကို နင်သဘောမကျပါနဲ့
နင်ကခုမှ
ကလေးတစ်ယောက်သာသာလေးပဲ
အရာရာကို ငါ့အတိုင်းလိုက်မလုပ်ပါနဲ့
နင့်နှလုံးသားလေး ရိုင်းသွားမှာ
ငါစိုးရိမ်တယ် ....
No comments:
Post a Comment