Friday, September 6, 2013

ချစ်သူ ... နင်ငါ့လက်ကိုဆုပ်ကိုင်ထားသရွေ့ ............. ငါနင့်လက်ကိုမြဲမြဲကိုင်ထားပါ့မယ်

ချစ်သူ ... နင့်ရင်ထဲမှာ ငါရှိနေသရွေ့ ......... ငါရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားကို နင်ပိုင်နေလိမ့်မယ်

ချစ်သူ ... နင်ငါ့ကိုနားလည်မှု ပေးနေသရွေ့ ......... ငါရဲ့ နားလည်ပေးမှု အားလုံးကိုနင်ရရှိနေမှာပါ

ချစ်သူ ... နင်ငါ့ကိုလိုအပ်နေသေးသရွေ့ ............ ငါနင့်ရဲ့ အပါးမှာ အမြဲရှိနေပေးပါ့မယ်

ချစ်သူ ... နင်ငါ့ကိုချစ်မြတ်နိုးနေသေးသရွေ့ .......... ငါရဲ့ ကြင်နာခြင်းတွေအားလုံးနင့်အတွက်ဘဲဖြစ်နေစေရမယ်

ချစ်သူ ... နင်ရဲ့သစ္စာတရားဟာ င့ါအတွက်ဖြစ်နေသရွေ့ ........ ငါ့နဲ့ပတ်သက်သမျှ အရာအားလုံး နင့်အတွက်ဖြစ်နေစေရမယ်

ချစ်သူ ... နေ့နေ့ညည အိမ်မက်အားလုံးကို နက်သာ အပိုင်စိုးလို့ ကိုးစားချင်ပေမဲ့

လောကကြီး နဲ့ လူတွေရဲ့ စိတ်ကို မယုံရဲတာကတော့ ငါ့ရဲ့ အလွန်မဟုတ်လောက်ဘူးထင်ရဲ့ချစ်သူ

အရာရာမှာ တန်ပြန်နိယာမသဘောတရားတွေနဲ့ ငါ့ဘက်ကတော့ အသေချာဆုံးကတော့

နင်ငါ့အတွက်ရှိနေသေးသရွေ့ ငါနင့်အတွက်ထာဝရ ရှိနေမှာပါ .......... ချစ်သူ

No comments:

Post a Comment