Friday, September 6, 2013

အလွမ်းကို နားလည်အောင်သင်ပေးခဲ့တဲ့ နင်
အခုအချိန်မှာပျော်နေပဲနော်
နင့်ကို ရည်ရွယ်ပြီးကျခဲ့တဲ့ မျက်ရည်စက်တွေ
ငါ နှမျှောဖို့ တစ်ခါမှမတွေးခဲ့ မိဘူး
နင်ခွဲခဲ့တဲ့ ငါ့အသဲ
နင်ကိုယ်တိုင် ပြန်ချုပ်ပေးမယ်ဆိုရင်
အခါတစ်ရာမက ငါ ရင်ကွဲခံရဲတယ်ချစ်သူ.......
ညတိုင်းမက်နေမိတဲ့ ကြေကွဲစရာ အိပ်မက်တစ်ချို့ကြောင့်
ငါ့ရင်ထဲ အလွမ်းတွေပြန်ကြဲနေတာ နင် သိနိုင်ပါ့မလားချစ်သူ........
ကုန်ဆုံးသွားတဲ့အချိန်တွေသတိရမိ
တိုင်း
ငါစဉ်းစားနေမိတယ်ချစ်သူ
နင်ငါ့ကို တစ်ကယ်မချစ်နိုင်ပဲနဲ့
မျှော်လင့်ချက်တွေဘာကြောင့်ပေးခ
ဲ့တာလည်းလို့ပေါ့

တစ်ခုတော့မေးလိုက်မယ်နော်ချစ်သူ

ငါ့နှလုံးသားကို နင်စီးနေကျ ဘက်(စ်)ကားတစ်စီးလို သတ်မှတ်ခဲ့တာလားးးး???



                                                        အင်းဇော်လောင်

No comments:

Post a Comment