Friday, September 6, 2013

**(သွားပါတော့ ချစ်သူရယ်)**

အိပ်မက်ကို တစ်ကယ်ထင်မှတ်
နိုးထတော့ ရင်တွေ တစ်လှပ်လှပ်နဲ့

အလွမ်းဇာတ်ကို ပြန်ခင်
ချစ်ခြင်တရားကို အဖြေရှာ
ရင်နာစရာတွေဘဲ တွေ့ခဲ့တယ်

ချစ်သူရယ်......
မဆုံနိုင်မှ တော့ တစ်သက်တာဝေး
နည်းနည်းလေးမှ သတိမရအောင်
ငါ့ကိုငါ စိတ်ဆောင်ခဲ့ပေမဲ့

ဟောင်နွမ်းသွားတဲ့အချစ်
အသစ်တဖန် ပြန်လည်မွေးဖွား
ငါနှလုံးသားကို ခံစားစေခဲ့တယ်

သွားပါတော့ ချစ်သူရယ် ငါအိပ်မက်နဲ့
ငါရဲ့မသိစိတ်ထဲ နင်ခိုးတွဲလို့မနေပါနဲ့တော့ ....

No comments:

Post a Comment